မြန်မာနိုင်ငံ၏ စီးပွားရေးအ‌ခြေအနေအပေါ် Ascent Capital အနေဖြင့် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ပြသ — မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဆင်သင့်ဖြစ်

စင်္ကာပူ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၁)ရက်၊ – စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်းဖြစ်သည့် Ascent Capital Partners Pte. Ltd. (“Ascent Capital”) သည် ၎င်း၏ မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP (“AMGF”) မှတဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၈ခုနှစ်တွင် တည်ထောင်ခဲ့သည့် AMGF သည် ရင်းနှီးမြှုပ်နှံရန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၈) သန်းရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဖြစ်ပါသည်။