Ascent Capital မှ မြန်မာနိုင်ငံ၏ ထိပ်တန်းအင်တာနက်၀န်ဆောင်မှု ကုမ္ပဏီဖြစ်သည့် Frontiir ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခြင်း
စင်္ကာပူ၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂၄)ရက်၊ – စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ငွေကြေးစီမံ ခန့်ခွဲမှုအဖွဲ့အစည်းဖြစ်သည့် Ascent Capital Partners Pte. Ltd. မှ မြန်မာနိုင်ငံတွင် ၄င်း၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP မှ တဆင့် ပြုလုပ်ကြောင်း ယနေ့သတင်းထုတ်ပြန်ခဲ့ပါသည်။ AMGF မှ ဦးဆောင်၍ စုစုပေါင်း အမေရိကန်ဒေါ်လာ(၂၆)သန်းကို မြန်မာနိုင်ငံ၏ ထိပ်တန်း အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ Frontiir Pte. Ltd. တွင် ရှယ်ယာအနည်းစုအနေ ဖြင့် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။