Ascent Capital မှ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အာဆီယံမဟာဗျူဟာ ရင်းနှီးမြှုပ်နှံသူများ ထည့်ဝင်ရင်းနှီးထားသည့် Myanmar Growth Fund ကို စတင်မိတ်ဆက်
စင်္ကာပူ၊ ဇန်နဝါရီ လ ၁၄ ရက်၊ ၂၀၁၉ ခုနှစ် – စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော Ascent Capital Partners Pte. Ltd. (“Ascent Capital”) သည် မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP (“AMGF”) ကို စတင်ကြောင်း အသိပေးအပ်ပါသည်။ AMGF အနေဖြင့် မြန်မာနိုင်ငံတွင် စားသုံးသူနှင့်သက်ဆိုင်သောလုပ်ငန်းများ၊ ပညာရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကျန်းမာရေး၊ နည်းပညာ၊ မီဒီယာ၊ နှင့် ဆက်သွယ်ရေး ကဏ္ဍများမှ ကုမ္ပဏီများကို အဓိကထား ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ အဆိုပါ AMGF ကို ကမ္ဘာတစ်ဝန်း နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး လုပ်ဆောင်ရာ၌…