ရန်ကုန်/စင်္ကာပူ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက် – မြန်မာနိုင်ငံအခြေစိုက် ငွေကြေးစီမံခန့်ခွဲမှု အဖွဲ့အစည်းဖြစ်သည့် Ascent Capital Partners Pte. Ltd. သည် Managing Partner အသစ်များဖြစ်သည့် Mr Stanley Kyaw Khaing နှင့် Mr Yeo Chee Kian တို့အား ခန့်အပ်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့ပါသည်။
Ascent Capital တည်ထောင်သူနှင့် Managing Partner၊ Mr. Lim Chong Chong မှ “၂၀၁၉ခုနှစ်က စတင်ခဲ့တဲ့ Ascent Capital ရဲ့ အဖွဲ့သားအင်အား စုစည်းမှုဟာ Stanley နှင့် Chee Kian ကိုခေါ်ဆိုမှုနှင့် အပြီးသတ်နိုင်ခဲ့ပါပြီ။ သူတို့ နှစ် ယောက်ရဲ့ အမြင်နှင့် လုပ်ငန်း ကျွမ်းကျင်မှုတို့ကို အခြေခံပြီး ၂၀၂၁ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအရှိန်အဟုန်ကို မြှင့်တင်သွားမည်ဖြစ်ပြီး ကုန်သွယ်စီးဆင်းမှု ကဏ္ဍပိုင်းကိုပါ ချဲ့ထွင်လုပ်ကိုင်သွားမှာဖြစ်ပါသည်။” ဟုပြောကြားခဲ့ပါသည်။
Ascent Capital ၏ အဓိကရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး (၅) ခုဖြစ်သည့် စားသုံးသူနှင့် သက်ဆိုင်သောလုပ်ငန်း များ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နည်းပညာ၊ မီဒီယာနှင့် ဆက်သွယ်ရေး တို့အပြင် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ကုန်သွယ်စီးဆင်းမှု ကဏ္ဍကိုပါ အဓိကကဏ္ဍအဖြစ် ထည့်သွင်းသွား မည်ဖြစ်ပါသည်။
Mr Stanley သည် မြန်မာနိုင်ငံဖွား ဥပဒေရေးရာပညာရှင်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြောက် အမေရိကတွင် (၁၃)နှစ်ကျော်ကြာ လိုင်စင်ရရှေ့နေတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ Mr Stanley သည် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ၎င်းမတိုင်ခင်က နည်းပညာနှင့် software မူပိုင်ခွင့်ဆိုင်ရာများကို အဓိကကိုင်တွယ်သည့် intellectual property ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
Mr Stanley သည် ယခင်က ဆက်သွယ်ရေးကုမ္ပဏီတွင် Director of Corporate Affairs and Planning အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဥပဒေရေးရာ၊ အစိုးရဌာနဆိုင်ရာဆက်ဆံရေးနှင့် CSR အစရှိသည်တို့ကို တာဝန်ယူလုပ်ကိုင်ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီအဖွဲ့အစည်းတခုတွင်လည်း အကြံပေး (Group General Counsel) အဖြစ် တာဝန်ယူခဲ့ပြီး ကုမ္ပဏီ၏ ပြည်တွင်း-ပြည်ပ ပူးပေါင်းဖက်စပ် လုပ်ငန်းများ တည်ထောင်နိုင်ရန် ပံ့ပိုးဆောင်ရွက်ခဲ့ပါသည်။
“မြန်မာနိုင်ငံသည် စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဈေးကွက်တခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ကျွန်တော့်အနေဖြင့် Ascent Capital နှင့်တွဲဖက်၍ မြန်မာ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံပူးပေါင်းပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်နိုင်သည့် အတွက် ဂုဏ်ယူရပါသည်” ဟု Mr Stanley မှပြောကြားခဲ့ပါသည်။
Mr Chee Kian သည် ဘဏ္ဍာရေးဝန်ဆောင်မှုပိုင်းတွင် လုပ်သက်နှစ်(၂၀)ကျော်ရှိပြီး လန်ဒန်နှင့် စင်ကာပူမြို့များရှိ HSBC, Macquarie, Deutsche Bank နှင့် Temasek တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Mr Chee Kian သည် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းစုများစီမံခန့်ခွဲ ခြင်း (Portfolio Management) တို့တွင် အတွေ့အကြုံများစွာရှိပြီး သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်စီးဆင်းမှု၊ အခြေခံအဆောက်အအုံကဏ္ဍများတွင်သာမက credit structure နှင့်လည်း ရင်းနှီးကျွမ်းဝင်သူတစ်ဦး ဖြစ်ပါသည်။
Mr Chee Kian သည် Temasek တွင် ၂၀၁၀ ခုနှစ်မှ စတင်တာဝန်ယူခဲ့ပြီး ကမ္ဘာ့ငွေကြေးစီမံခန့်ခွဲမှု အဖွဲ့အစည်း၏ Asia Pacific Partnership အစီအစဥ်အရ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံ တခွင်တွင် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အဓိကဆောင်ရွက်ခဲ့ရုံသာမက ကမ္ဘာအနှံ့ သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်စီးဆင်းမှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ Singapore Airlines နှင့် PSA ကဲ့သို့ ကုမ္ပဏီများကို value creation ဆောင်ရွက်ပေးခြင်း တို့ကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
Mr Chee Kian မှ “ကျွန်တော့အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် Ascent Capital ၏ ဖွံ့ဖြိုးမှုအတွက် စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့်အချိန်တွင် Ascent Capital အဖွဲ့သို့ ဝင်ရာက်နိုင်ခြင်း အတွက် အထူးပင်ဝမ်းမြောက်ရပါသည်။ Chong Chong နှင့် Stanley တို့ဖြင့်တွဲဖက်၍ လာမည့်နှစ်များအတွင်းတွင် Ascent Capital ကို ပြည်တွင်းနှင့်ဒေသတွင်း ထိပ်သီးအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟုပြောကြားခဲ့ပါသည်။
ဤကြေငြာချက်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် Ascent Capital ၏ Investor Conference အပြီးတွင် ထုတ်ပြန်ခြင်းဖြစ်သည်။
ထိုညီလာခံကို online မှတဆင့်ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ စီမံအုပ်ချုပ်သူလုပ်ငန်းရှင်ပေါင်း (၁၇၀)ကျော်တက်ရောက်ခဲ့ပြီး အထူးဧည့်သည်တော်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍနှင့် စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့ပါသည်။