- အကြီးဆုံးမြန်မာနိုင်ငံသီးသန့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းမှ ကြီးမှူးကျင်းပသည့် online Investor Conference သို့ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူနှင့် စီမံအုပ်ချုပ်သူ လုပ်ငန်းရှင်ပေါင်း(၁၇၀)ကျော် တက်ရောက်
- အထူးဧည့်သည်တော်အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းမှ Ascent Capital ၏ မြန်မာနိုင်ငံတွင်းလုပ်ဆောင်မှုများကို ကြိုဆိုပြီး နိုင်ငံ၏အနာဂတ်စီးပွားရေးနှင့်စပ်လျဥ်း၍ အမှာစကားပြောကြား
- ၂၀၂၀ ပြည့်နှစ်တွင် သဘောတူညီမှုရရှိခဲ့သော အရေးပါသော ရင်းနှီးမြှုပ်နှံမှုများနှင့် M&A များကြောင့် ၂၀၂၁ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးတက်နိုင်မည်
- လာမည့်(၂)နှစ်တာကာလတွင် နည်းပညာ၊ မီဒီယာ၊ ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် စားသုံးသူဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် M&A များ တိုးတက်နိုင်မည်ဟုခန့်မှန်း
ရန်ကုန်/စင်္ကာပူ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက် – Myanmar Economic Recovery and Reform Plan သည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ၏ စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန် လာရန် ပံ့ပိုးနိုင်မည်ဟု ဒီဇင်ဘာလတွင် အွန်လိုင်းမှပြုလုပ်ခဲ့သော Ascent Capital ၏ ပထမအကြိမ် Investor Conference တွင် အထူးဧည့်သည်တော် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းမှ ပြောကြားခဲ့သည်။ ထိုစီမံချက် သည် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ မျှော်မှန်းထားသည့်အတိုင်း စီးပွားရေးတိုး တက်နှုန်း ၆-၇% ထိ ပြန်လည်ကောင်းမွန်လာနိုင်ရန် အထောက်အကူပြုနိုင်လိမ့်မည်ဟု ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူပေါင်း(၁၇၀) ကျော်တက်ရောက်ခဲ့သည့် Zoom ဖြင့် ပြုလုပ်သည့် အခမ်းအနားတွင်ပြောကြားခဲ့သည်။ ထို့အပြင် “ယခင်က ကျွန်တော်တို့ အိပ်မက်သာမက်နိုင်ခဲ့သည့်၊ အခွင့်အလမ်းပေါင်းများစွာ ရရှိနိုင်မည့် စီးပွားရေးဝန်းကျင်တစ်ခု ရရှိဖြစ်ပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ထားပါသည်” ဟုပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ Myanmar Economic Recovery and Reform Plan သည် ကုန်ထုတ် လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လာမည့်နှစ်တွင် အဓိကကဏ္ဍအဖြစ် ဦးစာပေးသတ် မှတ်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာသို့ ပြုပြင်ပြောင်းလဲရေးများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ပြန်လည်အသုံးပြုနိုင်သောစွမ်းအင် (renewable energy) တင်ဒါတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများစွာရှိကြောင်းနှင့် “ယခုအချိန်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း” ထပ်လောင်းပြောကြားခဲ့ပါသည်။
Ascent Capital ၏ Investor Conference တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ Country Director for Myanmar Mr Newin Sinsiri နှင့် Principal Country Specialist Mr Joel Mangahas၊ Allen & Gledhill(Myanmar) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းနိုင်ဦးနှင့် PwC Myanmar ၏ Head of M&A Mr Janeshwar Pachigolla တို့မှလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။
Investor Conference သို့တက်ရောက်လာသော ကိုယ်စားလှယ်များသည် လက်ရှိအခြေအနေကို အကောင်းမြင်ယုံကြည်မှုရှိကြပြီး ကိုယ်စားလှယ်များအကြား စစ်တမ်းကောက်ယူခဲ့ရာတွင် ၂၀၂၁ ခုနှစ်၏ တတိယပတ်ကာလတွင် မြန်မာနိုင်ငံသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းကြောင်း အဖြေထွက်ရှိခဲ့ပါသည်။ ကောက်ယူခဲ့သော စစ်တမ်းရလာဒ်များအရ နည်းပညာ၊ မီဒီယာ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍများတွင် လာမည့် (၂)နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ နှင့် M&A များ တိုးတက်နိုင်မည်ဟု ခန့်မှန်းကြကြောင်း တွေ့ရှိရပါသည်။
Ascent Capital တည်ထောင်သူနှင့် Managing Partner Mr Lim Chong Chong မှ မြန်မာ့စီးပွားရေးလုပ်ငန်းများအတွက် Ascent မဟာဗျူဟာ(၃)ခုကို ရှင်းလင်းပြောကြားခဲ့ရာ “ရေရှည်ရင်းနှီးမြှုပ်နှံသူအနေဖြင့် ကျွန်တော်တို့သည် မြန်မာကုမ္ပဏီများ၏ လုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင် ရေရှည်ရင်းနှီးငွေများ ထောက်ပံ့နိုင်ပါသည်။ ဒုတိယအနေဖြင့် ကျွန်တော်တို့၏ ရင်းနှီးမြှုပ်နှံသူ ကွန်ရက်များမှတဆင့် မြန်မာကုမ္ပဏီများ ပြောင်းလဲနိုင်ရန်၊ အရည်အချင်းမြှင့်တင်နိုင်ရန်နှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် ကျွမ်းကျင်စီမံခန့်ခွဲမှုနှင့် နည်းပညာကိုပါ ပံ့ပိုးပေးနိုင်ပါသည်။ ကိုဗစ်ကာလအလွန် မြန်မာနိုင်ငံအတွက် အရေးပါသည့်ကဏ္ဍ ဖြစ်လာမည်ဟု ယုံကြည်သည့် ဒစ်ဂျစ်တယ်နည်းပညာသို့ ကူးပြောင်းခြင်းလည်း ပါဝင်ပါသည်။ တတိယအနေဖြင့် ကျွန်တော်တို့သည် မြန်မာကုမ္ပဏီများကို နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်ရာတွင် ပံ့ပိုး၍ ၎င်းတို့၏ ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ပို့ကုန်အဖြစ်တင်ပို့နိုင်ရုံသာမက နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများ ကိုလည်း မြန်မာကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ၎င်းတို့၏ ပြည်တွင်းစီးပွားရေး လုပ်ငန်းများချဲ့ထွင်ရာတွင် ပံ့ပိုးကူညီနိုင်မည် ဖြစ်ပါသည်” ဟုပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းမှ “Ascent Capital ၏ အရည်အသွေး၊ တာဝန်ယူမှု၊ တန်ဖိုးပေါ်အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများမှတဆင့် အောင်မြင်ပြီး ရှေရှည်တည်တံ့မည့် စီးပွားရေးလုပ်ငန်းမျိုးဆက်သစ်များ ပေါ်ထွက်လာရန် ပံ့ပိုးနိုင်ရုံသာမက ရှိရင်းစွဲကုမ္ပဏီများ ကိုလည်း ပိုမိုတိုးတက်အောင်မြင်အောင် ပံ့ပိုးကူညီမှုများပေးနေသည့် အကျိုးသက်ရောက်မှု ကောင်းများအတွက် ကျေးဇူးတင်ရှိပါသည်” ဟုပြောကြားပြီး Ascent Capital ၏ မြန်မာနိုင်ငံတွင်း ဆောင်ရွက်နေမှုများကို ထောက်ခံအားပေးခဲ့ပါသည်။