စင်္ကာပူ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၁)ရက်၊ – စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်းဖြစ်သည့် Ascent Capital Partners Pte. Ltd. (“Ascent Capital”) သည် ၎င်း၏ မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP (“AMGF”) မှတဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၈ခုနှစ်တွင် တည်ထောင်ခဲ့သည့် AMGF သည် ရင်းနှီးမြှုပ်နှံရန် စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၈) သန်းရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဖြစ်ပါသည်။
ဤကြေငြာချက်သည် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမှုများအပြီးတွင် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးအပေါ် ကုမ္ပဏီအနေဖြင့် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ပြသခြင်းလည်း ဖြစ်ပါသည်။
Ascent Capital တည်ထောင်သူနှင့် Managing Partner၊ Mr. Lim Chong Chong မှ ယခုရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ “လက်ရှိအခြေအနေများအရ နိုင်ငံ၏စီးပွားရေးတိုးတက်မှု အနည်းငယ်နှောင့်နှေးမှုများရှိနိုင်သော်လည်း ကောင်းမွန်တည်ငြိမ်သည့် စီးပွားရေးအခြေအနေ ရှိနေမည်ဟု ကျွန်ုပ်တို့အနေဖြင့် မျှော်မှန်းပါကြောင်း၊ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်သည့် အလားအလာကောင်းများလည်းရှိပါကြောင်း၊ ရှေရှည်အောင်မြင်ဖွံ့ဖြိုးသော ပြည်တွင်းစီးပွား ရေးလုပ်ငန်းများ ပေါ်ထွက်လာနိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်း ဖြင့် ဆက်လက်ပါဝင်သွားမည် ဖြစ်ပါကြောင်း၊ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရေးအတွက် အဓိကကျသည့် ကဏ္ဍများဖြစ်သည့် စားသုံးသူနှင့်သက်ဆိုင်သောလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ နည်းပညာ၊ မီဒီယာ၊ နှင့် ဆက်သွယ်ရေး အစရှိသည့်ကဏ္ဍများအနက်မှ UN SDGs ၏ ဆင်းရဲမှုပပျောက်ရေး၊ အရည်အသွေးမြင့်ပညာရေးရရှိရေး၊ ကျားမတန်းတူညီမျှမှုရှိရေး၊ကောင်းမွန်သောလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့်ပန်းတိုင်တို့ကို လက်ကိုင်ထားသည့် စီးပွားရေးလုပ် ငန်းများတွင် ဦးစားပေးရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။
AMGF ၏ Fund Closing ထုတ်ပြန်ချက်သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အနှုတ်သဘောဆောင်သည့် ခန့်မှန်းချက်ဖြစ်သည့် “ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုသည် လာမည့် (၂) နှစ် မှ (၃) နှစ် တာကာလအတွင်းတွင် စိန်ခေါ်မှုများနှင့် ပိုမိုရင်ဆိုင်ရနိုင်ပြီး အထူး သဖြင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဦးတည်သည့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း များအနေဖြင့် ပိုမိုအခက်အခဲတွေ့နိုင်ကြောင်း” ကြေငြာချက်အပြီးတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။ ယခုနှစ်အစောပိုင်းတွင် Ascent Capital သည် AMGF မှတဆင့် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Frontiir တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၆) သန်းကိုဦးဆောင် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည်။ AMGF ကို ကမ္ဘာတဝှမ်း နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ တည်ထောင်ရာ၌ အောင်မြင်မှုမှတ်တမ်းကောင်းများ ရရှိထားသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ ပါဝင်ရင်းနှီးထည့်ဝင်မြှုပ်နှံထားခြင်းဖြစ်သည်။ ကနဦးရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည့် Grand Royal ဝီစကီအမှတ်တံဆိပ် ထုတ်လုပ်သည့် Myanmar Distillery Company (“MDC Group”) ၏ တည်ထောင်သူနှင့် တွဲဖက်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မိုးကျော်၊ MDC Group ၏ တွဲဖက်တည်ထောင်သူ နှင့် Asia Resource Corporation ၏ ဥက္ကဋ္ဌ ဖြစ်သူ စင်္ကာပူနိုင်ငံမှ Mr.Tony Chew တို့ဖြစ်သည်။ Temasek ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် (“ADB”) နှင့် ဖိလစ်ပိုင်နိုင်ငံမှ JG Summit Holdings တို့မှလည်း ရင်းနှီးမြှုပ်နှံထားပါသည်။